Searching...

1GB Memory Card နဲ့ Drive များကို 2GB သို့ ပြောင်းနည်း



1GB Memory Card နဲ့ Pen Drive များကို 2GB ပြောင်းလို့ရတယ်ဆိုတာ စာဖတ်သူတို့ ယုံပါသလား။ တကယ်ပြောင်းလို့ရပါတယ်။ ဒါက ဒီလို ရှိပါ တယ်။

Memory Card နဲ့ Pen Drive ထုတ်သူများ အသုံးပြုတဲ့ Chip အတော်တော် များများ အနည်းဆုံး 2GB သိုလှောင်သိမ်းဆည်းနိုင်ကြ ပါတယ်။ ဒီတော့ 1GB ကဒ်ထုတ်ဖို့အတွက်ဆိုရင် သီးသန့် Chip မထုတ် လုပ်တော့ပါဘူး။ လွယ်လွယ်နဲ့ အချိန်ကုန်သက

်သာ၊ ဈေးသက်သာအောင် 2GB ဆံ့တဲ့ Chip ကိုပဲ 1GB နဲ့ ထွက်လာအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီတော့ Space တွေက ပိုနေပါတယ်။ အားလုံး ကို မဆိုလိုပါ။ အချို့ အချို့ သာ ဖြစ်ပါတယ်။ ဒီမှာ တစ်ခုသတိထား ရမှာက 1GB ကဒ်ဆိုလို 975 MB ထက်တော့ နည်းလို့မရပါဘူး။ 957 MB နဲ့ 975 MB အထက် 1GB ကဒ်များ ကို 2GB အထိ ပြန်လည်တိုးမြင့်နိုင်ပါတယ်။ 2GB ကဒ်များကို 3GB တိုးတာ မျိုးတော့ ဒီ Trick ကအသုံးဝင်မှာ မဟုတ်ပါဘူး။

လုပ်ကြည့်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင် အောက်ပါ အဆင့်အတိုင်းသွားနိုင်ပါပြီ။ မလုပ်ခင် ကဒ်ထဲမှာ သိမ်းဆည်း ထားတဲ့ မိမိရဲ့  Data များကို အခြား တစ်နေရာရာမှာ ပြန်လည် သိမ်းဆည်း Back up လုပ်ထားဖို့တော့လို အပ်ပါတယ်။ ဒီ trick မှာ Format ချတဲ့အဆင့် ပါဝင်လို့ ဖြစ်ပါတယ်။

ပထမအကြိမ်စမ်းကြည့်လို့ မရဘူးဆိုရင် ထပ်မလုပ်စေလိုပါ။ သူက Cheap / Low Branded Devices တွေမှာသာ အလုပ်လုပ်တဲ့ နည်းလမ်းမို့ ဖြစ်ပါ တယ်။

၁။ အောက်ပါ လခ့်တွင် rater ဆော့ဖ်ဝဲ ဒေါင်းလုခ်ဆွဲပါ။

http://www.techday.in/wp-content/uploads/2012/04/techday_rater_techday.zip

၂။ ကွန်ပျူတာသို့ Install လုပ်လိုက်ပါ။

၃။ ယင်း Zip ဖိုင်ကို Extract လုပ်ပြီး echday_rater.exe ကို run ပေးရပါမယ်။

၎။ run ပြီးပြီဆိုရင် မိမိ ပြောင်းလဲလိုတဲ့ 1GB Memory card နဲ့ Stick ကို USB ပေါက်မှ ထိုးရပါမယ်။ SD card မျိုးဆိုရင်တော့ ကွန်ပျူတာမှာဆို ကြားမှာ Card Reader နဲ့အသုံးပြုနိုင်ပါတယ်။ လပ်တော့ဆိုရင်တော့ SD card slot ပါဝင်တတ်ပါတယ်။ ဘာမှ ခေါင်းမရှုပ်ပါနဲ့။ သာမန် SD Card သို့မဟုတ် Pen Drive ကို ကွန်ပျူတာထဲ ထိုးလိုက်တာပဲ ဖြစ်ပါတယ်။

၅။ ကိုယ် Run ထားတဲ့ ဆော့ဖ်ဝဲ မှာ ရွေးစရာ ပေါ်လာပါပြီ။ မိမိထိုးလိုက်တဲ့ device ကိုရွေးချယ်ပေးရပါမယ်။ ဥပမာ- F: စတာမျိုး ဖြစ်ပါတယ်။

၆။ Fix ဆိုတဲ့ Button ကိုရွေးချယ်ရပါမယ်။

၇။ techday_rater.exe က Format ချမချ မေးပါလိမ့်မယ်။ အဲ့ကျ့ရင် Yes ကိုနှိပ်လိုက်ပါ။

၈။ ဒါဆိုရင် ပြီးပါပြီ။ မိမိထိုးထားတဲ့ ကဒ် / Pen drive ကို ဖြုတ်ပြီး ပြန်လည် စစ်ဆေးနိုင်ပါပြီ။ Properties ဝင်စစ်တဲ့အခါ 1GB ကနေ 2GB ကိုပြောင်းသွားမှာ ဖြစ်ပါတယ်။ 975 MB ထက်နဲ့တဲ့ Device ကိုသွားစမ်းမိရင်တော့ 2GB လို့ဖော်ပြပေမယ့် တကယ် 2GB မပြည့်ပါဘူး။ အရင်အတိုင်းပဲ ဖြစ်ပါတယ်။

စာဖတ်သူတို့ စမ်းကြည့်လို့ အဆင်ပြေတာ မျော်လင့်ပါတယ်။

0 အမှတ်တရ:

Post a Comment

 
အပေါ်သို့!