Searching...

Redact က လုံခြုံရေး လုပ်ထားတဲ့ Message အား Hack လုပ်ပြီး ဒေါ်လာ ၁၅၀၀၀ ခွဲ ရယူပါ



ကဲ ဘယ်သူတွေများ ဒေါ်လာ ၁၅၀၀၀ ရှိတဲ့ ငွေသားကို လက်ဝယ် မပိုင်ချင် ရှိမှာလဲနော်။ ဒါဆို စားသုံးသူတွေကို ဒေါ်လာ ၁၅၀၀၀ ငွေသား ရရှိနိုင်မယ့်နည်းကို ပြောပြပေးမယ်ဆိုရင် စိတ်ဝင်စားကြမလား။ လွယ်ပါတယ်။ စားသုံးသူတို့ ပြုလုပ်ရမှာက Redact ကုမ္ပဏီက ဖန်တီးထားတဲ့ အထူးလုံခြုံသည့် messaging ပေးပို့မှုစနစ်ကို hack လုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

iOS အတွက် ထုတ်လုပ်ထားတဲ့ Redact ရဲ့ message ပေးပို့မှုစနစ်ဟာ လွန်စွာမှ လုံခြုံရေး ကောင်းပါတယ်။ ပြီးတော့ မူရင်းစာသားကို ပြောင်းလဲပြီး လျှို့ဝှက်စာသား (decrypted message) အဖြစ် ပြောင်းလဲပေးမှာဖြစ်သလို message တစ်ခု ပေးပို့ပြီးတိုင်း အလိုအလျောက် ဖျက်ပေးပြီး ခြေရာဖျောက်ပေးဦးမှာပါ။ Redact အနေနဲ့ ယင်းတို့ရဲ့ လုံခြုံရေးစနစ်ဟာ ဖော်ထွင်းဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ ဒါကို သက်သေပြဖို့အတွက် ယခုလို စိန်ခေါ်မှုတစ်ရပ် ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

စိန်ခေါ်မှုမှာ ပါဝင်ယှဉ်ပြိုင် လိုသူများ အနေနဲ့ Redact သုံး ဖုန်း ၂ လုံး ကြား message ပေးပို့ ဆက်သွယ်မှုကို ဖောက်ထွင်းဝင်ရောက်ပြီး ရယူရမည်ဖြစ်သလို လျှို့ဝှက်စာသားမှ မူရင်းစာသားအား ပြန်လည်ဖော်ထုတ် ပေးရမည်ဟု သိရှိရသည်။ အဆိုပါ အဆင့် ၂ ဆင့်အား အောင်မြင်သူရှိပါက စတာလင်ပေါင် ၁၀၀၀၀ (ဒေါ်လာ ၁၅၀၀၀ ကျော်) အား ဆုကြေးငွေအဖြစ် ပေးအပ်မည်ဟု စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲ၌ အသုံးပြုမည့် ဖုန်း ၂ လုံးမှာ တစ်နေရာစီတွင် ရှိနေမည် ဖြစ်သော်လည်း ပြိုင်ပွဲဝင်များအား မည်သည့်နေရာတွင် ရှိနေသည်ကို အသိပေးသွားမည် ဖြစ်သည်။ ပြိုင်ပွဲအတွင်း အဆိုပါ ဖုန်း ၂ လုံးသည် အပြန်အလှန် message များ ပေးပို့နေမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များက ကြိုးပမ်းဖောက်ထွင်း ဝင်ရောက်ရမည်ဖြစ်သည်။

သို့သော်လည်း စားသုံးသူများ အနေဖြင့် ဤစိန်ခေါ်မှုတွင် ဝင်ရောက်ယှဉ်ပြိုင် လိုပါက အောက်ပါလင့်ခ်၌ မနှေးအမြန် သွားရောက်ပြီး register လုပ်ရန် လိုအပ်ပါလိမ့်မည်။ ဝင်ရောက်ယှဉ်ပြိုင်သူ အရေအတွက်အားလည်း ၂၀ ဦးသာ ကန့်သတ်ထားကြောင်း သိရှိရပါတယ်။

၆ ဒေါ်လာ ဈေးနှုန်းရှိသည့် Redact Messenger App သည် လက်ရှိအချိန်၌ iOS သုံး ပစ္စည်းများအတွက်သာ ထုတ်လုပ်ထားပြီး မကြာမီ အချိန်၌ Android ၊ Windows Phone 8 နှင့် Windows Desktop တို့အတွက်ပါ ထုတ်လုပ်သွားမည်ဟု သိရှိရသည်။


0 အမှတ်တရ:

Post a Comment

 
အပေါ်သို့!