
HTC One ဆိုရင် လူတိုင်းသိကြပါတယ်။ လက်ရှိအချိန်မှာ အကောင်းဆုံး Android စမတ်ဖုန်း ၂ လုံးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ HTC အနေနဲ့ HTC One ဒီဇိုင်းပုံစံရဲ့ အောင်မြင်မှုကို အခြေခံပြီး အသွင်သဏ္ဍာန်တူ HTC M4 ကို ထုတ်လုပ်ဖို့ အစီအစဉ် ရှိနေခဲ့ပါတယ်။
ယခုအခါမှာတော့ @evleaks အဖွဲ့သားများ၏ စွမ်းဆောင်မှုဖြင့် HTC M4 ၏ အသေးစိတ် အချက်အလက်များ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ ဒီ M4 ဟာလည်း စားသုံးသူ (သုံးစွဲသူ) တွေ အထူးပင်နှစ်သက် သဘောကျမည့်ပုံစံ ရှိနေပါတယ်။
M4 ဟာ အသွင်သဏ္ဍာန်အားဖြင့် HTC ၏ လက်ရှိ ပင်မဖုန်းဖြစ်သည့် One နှင့် ချွတ်ဆွတ်နီးပါး တူညီနေပြီး နောက်ကျောကင်မရာရဲ့ Flash အား အလျားလိုက်မှ ဒေါင်လိုက် အနေအထားသို့ ပြောင်းရွှေ့ခဲ့ခြင်းနှင့် စပီကာအတွက်
M4 ဟာလည်း One လိုပဲ တစ်ဆက်တည်းရှိ အလူမီနီယံကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အရွယ်အစားအားဖြင့်မူ ပိုမိုသေးငယ်ကာ 720p HD ပုံထွက်ရရှိမည့် မျက်နှာပြင်၏ အရွယ်အစားမှာ ၄.၃ လက်မ ဖြစ်ပါတယ်။
အတွင်းပိုင်းမှာလည်း dual-core ပရော်ဆက်ဆာ ၊ 2GB RAM နဲ့ 16 GB သိမ်းဆည်းမှု ပမာဏတို့အပြင် 4G LTE ချိတ်ဆက်မှုစနစ်ပါ ပါဝင်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် HTC မှ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ကင်မရာ နည်းပညာသစ်သုံး UltraPixel ကင်မရာကိုလည်း တပ်ဆင်ထားမယ်လို့ သိရှိရပါတယ်။
မည်သည့်အချိန်တွင် ထွက်ရှိမည်နှင့် ဈေးနှုန်းမည်မျှ ရှိမည်တို့ကိုမူ မသိရှိရသေးပါ။
0 အမှတ်တရ:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.