Searching...

SMS အပေါ် မကြာတော့သည့် အနာဂတ်တွင် အောင်ပွဲခံမည့် Chat App များ



SMS လုပ်တယ်ဆိုတာ အိုဟောင်းနေတဲ့ နည်းပညာ ဖြစ်နေပါပြီ။ သင့်အနေနဲ့ကော ဘယ်လိုမြင်ပါသလဲ။ SMS အသုံးများလား၊ Chat အလုပ်များပါသလား။

Informa အဖွဲ့၏ စစ်တမ်းအရ ကမ္ဘာတစ်ဝန်း Gtalk ၊ Viber နှင့် WhatsApp စသည့် Chat App တစ်ဖြစ်လဲ Messaging App များ အသုံးပြုကာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုမှု ပမာဏသည် စံချိန်တင် အနေအထားသို့ ရောက်ရှိလာခဲ့ပြီး သမားရိုးကျ စာသားဖြင့် ဆက်သွယ်ပြောဆို နည်းဖြစ်သည့် SMS (သို့) Text Message အသုံးပြုမှု ပမာဏမှာမူ လျော့နည်းလာနေကြောင်း သိရှိရသည်။

Financial Times ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါစစ်တမ်းအရ ၂၀၁၂ ခုနှစ်တွင် တစ်နေ့တာအတွင်း ပျှမ်းမျှအားဖြင့် Chat messages ပေါင်း ၁၉ ဘီလီယံ ပေးပို့ခဲ့ကြပြီး ၊ SMS ပေးပို့မှု ပမာဏမှာမူ ၁၇.၆ ဘီလီယံ ရှိခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် ၂၀၁၃ ခုနှစ်တွင်မူ အဆိုပါ တစ်နေ့တာ ပျှမ်းမျှပမာဏမှာ ၄၁ ဘီလီယံအထိ ရောက်ရှိဖွယ် ရှိနေကြောင်း သိရှိရသည်။

အသုံးပြုမှု ပမာဏမှာ များစွာကွာခြားခြင်း မရှိသော်လည်း သုံးစွဲသူ ပမာဏမှာမူ ၂၀၁၂ ခုနှစ်အတွင်း SMS အသုံးပြုသူ ၃.၅ ဘီလီယံ ရှိခဲ့ပြီး Chat/Messaging App အသုံးပြုသူ ပမာဏမှာ ၅၈၆.၃ ဘီလီယံသာ ရှိကြောင်း သိရှိရသည်။

မှတ်ချက် - ဤစစ်တမ်းတွင် Facebook Messenger အသုံးပြုမှု ပမာဏနှင့် သုံးစွဲသူ ပမာဏတို့အား ထည့်သွင်း တွက်ချက်ထားခြင်း မရှိပါ။


0 အမှတ်တရ:

Post a Comment

 
အပေါ်သို့!